Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

နာမည်ဗေဒင်


 

Thursday, February 21, 2008

အယူအဆလေးများ

ကျွန်တော်ဟာ စစ်သားအရင့်အမာကြီး မဟုတ်ပေမယ့် ကျွန်တော့အတွေ့အကြုံလေးကို ပြောပြခြင်ပါတယ်။ သူငယ်ချင်းဘော်ဘော် တွေဆိုကြုံဖူး ခြင်ကြုံ ဖူးကြမှာပါ။ ကျောင်း ဆင်းပြီးတော့ ကျွန်တော်တို့ဟာ လက်တွေ့ ဘ၀ အတွေ့အကြုံ တွေပေးမဲ့တပ်ရင်းတပ်ဖွဲ့တွေ ရောက် ကြပါတယ်။ဒီ လိုနဲ့တပ်ရောက် ပြီးမကြာခင် မှာ ကျွန်တော်တပ် တာဝန် ထမ်းဆောင်နေတဲ့ တာချီလိတ်နဲ့ သိပ်မဝေးတဲ့ မြန်မာ-ထိုင်း နယ်စပ်ကို ရောက်ခဲ့ပါတယ်။ အဲဒီ ကျွန်တော် ရောက်ခဲ့တဲ့တပ်စခန်း မှာ ဧည့်တဲ တစ်လုံးကို စခန်းအ၀င်ဝ နားမှာဆောက် ထားတာရှိပါတယ်။ တစ်နေကျွန်တော်နဲ့ တတပ်တည်း တာဝန်ကျတဲ့ ဘော်ဘော် နှင့် ဧည့်တဲ မှာထိုင်ပြီး စကားတွေ(@#$^*&) ပြောနေရင်နဲ့ ကျွန်တော် ဟာ တဲထဲက စားပွဲကို ဘာရယ်မဟုတ် ခေါက်ပြီးပြောနေ မိပါတယ်။ ဒါအမှတ်မထင် မေ့မေ့ ပြောက်ပြောက် ပါပဲ။ နောက် နေ့မနက်မှာ တပ်ရင်းမှူး အလုပ်ရှုပ်တော့တာပဲ ဘာလို့လဲဆိုတော့ စခန်းပတ်ဝန်းကျင်နားက ရွာက ရွာသူတစ်ယောက် ကို ထိုင်းဘက်ခြမ်း က ရွာက ရွာသားတစ်ယောက်က တူမီး (လက်လုပ်သေနတ်) နဲ့ပစ် ပြီး ဆိုင်ကယ် လုဖို့ ကြိုးစား တာကိုလာတိုင် တာ ။ တစ်နေ့လုံး တပ်ရင်းမှူး ခေါင်းခြောက် သွားလောက် တယ်။ကျွန်တော်လည်း ဘယ်ရမလည်း ဘယ်သူမှ မပြောပဲနေလိုက်တာပေါ့..။ တပ်ရင်းမှူး သာသိခဲ့ရင် အဆူခံရမှာသေချာပါ ပဲ ။အဲဒါခုံခေါက်တဲ အတွေ့အကြုံ ပါ။ဒုတိယအတွေ့အကြုံလေးကတော့ ကျွန်တော်စီးတဲ့ တောစီးဖိနပ် ကိုလျှော် လိုက်မိလို့ ပါပဲ။ တောစီးဖိနပ် ကိုလျှော်ပြီးလှန်ထားတဲ့အချိန်မှာပဲဆရာကြီးတစ်ယောက်ရဲ့အသံကိုကြားလိုက်ရပါတယ်“ဟေ..ဘယ်သူဖိနပ်လျှော်ထားလဲမသိဘူး..ဟေ..ဟေး”ဆိုပြီးအော်တာကို။ ဘာလို့ဒီလိုပြောတာလဲပေါ့ စဉ်စားမိပါသေးတယ်။ ညနေ ၅း၀၀ လောက်မှာတော့ တပ်ရင်းမှူးက ကျွန်တော်ကိုခေါ် ပြီး “ မင်းအခု ပဲတိုင်းမှူး ခရီးစဉ်ရှိ တယ် လမ်းလုံခြုံရေး ထွက်ရ မယ် ” လို့ပြောတော့ တာပဲ။ ဖိနပ်တောင် လျှော်ထားတာ သိပ်မခြောက်သေး ဘူး အဖြေက ထွက်တော့တာပါပဲ ။ လမ်းမှာ မနက် ကပြောတဲ့ ဆရာကြီး က ဗိုလ်ကြီးတို့ ကဒါတွေ ဘယ်သိ အုံးမလဲ လို့နားလည်ပေးရှာ ပါတယ်။ဒါလေးတွေကို တိုက်ဆိုင်မှု ပဲ ပြောပြော၊ အယူအဆလေးတွေ လို့ပဲ ပြောပြော ကျွန်တော်ကတော့ ကိုယ်တိုင် ကြုံ ပြီး မှတ်မှတ် သားသား ဖြစ်ခဲ့ပါတယ်။

No comments: