Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

နာမည်ဗေဒင်


 

Saturday, April 5, 2008

အဖေဆီသို့

သူငယ်ချင်းတစ်ယောက်ရဲ့ခံစားချက်တစ်ခုပါ။အဖေသိနိုင်ပါစေ...သားစာမေးပွဲအောင်တယ် အဖေ. ဒါကို အဖေ မသိနိုင်တော့ဘူးနော်။ သား စစ်တက္ကသိုလ်တက်မယ် အဖေ။ အဖေဖြစ်စေချင်တဲ့ စစ်ဗိုလ်တစ်ယောက်ဖြစ်အောင် သားကြိုးစားမှာပါ။အဖေကို မြင်စေချင်တယ် အဖေရာ.. သားကျောင်းဆင်းပွဲမှာ အဖေ့ကို ရှိစေချင်လိုက်တာ။ အမေကတော့ အပြုံးတွေက မျက်ရည်တွေနဲ့။ သားတာဝန်ကျတဲ့နေရာကသားတို့မြို့လေးကနေ သဘောင်္တစ်တန်၊ ကားတစ်တန်ပေါ့။ အဖေရေ...သား ရှေ့တန်းထွက်ရတော့မယ်။သားရင်ထဲမှာအဖေကိုပြောချင်နေတယ်။အဖေဖြစ်စေချင်တဲ့အရာရှိတစ်ယောက်သား
ဖြစ်လာပြီ။အဖေရေရှေ့တန်းမှာကတော့အဆင်ပြေလားလို့မေးရင်တော့ ဒီလိုပါပဲပြောရမှာပေါ့။ ရက်တွေလတွေ ကုန်လာပြီ အဖေ။ သားတာဝန်ချိန်ပြီးဆုံးလို့သား သင်တန်းတက်ဖို့ကြေးနန်းဝင်လာပြီ။ သားအရမ်းပျော်တာပဲ အဖေရာ.. အမေနှင့် ညီထွေးကို သားတွေ့ရတော့မယ်။ သား အပြန်လမ်းမှာ အပျော်တွေနဲ့ ရန်ကုန်မှာသင်တန်းတက်ရမယ်တဲ့။ သား သူငယ်ချင်းတွေနဲ့လည်း ပြန်ဆုံရတော့မယ်။ မြို့လေးတစ်မြို့ကိုရောက်ဖို့ မိုင်(၂၀)ပဲလိုတော့တယ်။ သား uniform ကတော့ ညစ်ပတ်နေပြီ အဖေရာ
မတတ်နိုင်ဘူးလေ ဒီလိုပဲ မြို့ထဲကို ၀င်ရတော့မှာပေါ့။ အဖေ.. သားမျက်လုံးတွေ ပြာသွားတယ် အဖေ.. အဖေ..သားဘေးကိုရောက်လာတာလား။ သား သိလိုက်တဲ့အချိန်မှာသားရောက်ချင်တဲ့ ရန်ကုန်ကိုတော့ရောက်နေပြီ အဖေ။ အမေကတော့ သားဘေးမှာ မျက်ရည်တွေနဲ့။ သား ဘေးမှာ သားတွေ့ချင်တဲ့သားသူငယ်ချင်းကျောင်းဆင်းဖက်တချို့ကိုတွေ့တယ်။ ဒါပေမယ့် သံလွင်ရောင် Uniform နဲ့တော့ မဟုတ်ဘူး အဖေ။ ပြာဖျော့ဖျော့ ၀တ်စုံလေးတွေနဲ့။ စောင်ဖုံးထားတဲ့နေရာကကုတင်နဲ့တိုက်ရိုက်ထိနေတာ အဖေ။ သားကိုယ့်ကိုယ်ကိုတောင် ပြန်မကြည့်ရဲတော့ဘူး။ အမေကတော့ သားနဖူးလေးကို ပွတ်ပြီး ဘုရားစာတွေရွတ်နေပြီ။သားမျက်ရည်တစ်ချက်ကျမိတယ်။ ဒါပေမယ့် သား ဒီလိုခံစားနေရပေမယ့် သား ၀မ်းမနည်းတော့ ပါဘူး။ သား တာဝန်ကို သား တာဝန်ကျေအောင် သားလုပ်ခဲ့ပါတယ်။ သားဒီလိုခံစားနေရပေမယ့်... အရာရှိတစ်ယောက်ပါ အဖေ။ သားအသက်နှင့် ခန္ဓာကို သား ပေးထားပြီးမှ သား စစ်ထဲဝင်လာတာလေ။ အဖေ... သားတာဝန်ကျေပါတယ်နော်။ သားကိုပြုံးပြနေမယ်လို့ သားမျှော်လင့်ပါတယ်။

No comments: