Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

နာမည်ဗေဒင်


 

Monday, June 30, 2008

သာမည ဆရာတော် ဘုရားကြီး လမ်းဖောက် လုပ်အားပေး အလှူ


ကျွန်တော် ၉တန်းကျောင်းသား ဘ၀ တုန်းက သာမည ဆရာတော် ဘုရားကြီး ရဲ့ လမ်းဖောက် လုပ်အားပေး အလှူ ကို လိုက်ပြီး ကုသိုလ် ပြု ခဲ့ဖူးပါတယ်။ ကျောင်းပိတ် ရက် စနေ နေ့ မနက် ၅း၀၀ လောက်မှာ ကျွန်တော် တို့ကျောင်း အ.ထ.က(၄) ဘားအံ ကနေ သာမည တောင် က လာကြို တဲ့ ၁၀ဘီး ကားကြီးတွေ နဲ့ ကျွန်တော် တို့လုပ် အားဒါန ပြုမဲ့ နေရာ ကို သွားခဲ့ကြပါတယ်။ ကျွန်တော် တို့ လမ်းခင်း ခဲ့ တဲ့နေ ရာက တော့ ဘားအံ-အိန္ဒု၊အိန္ဒု-ဇာသပြင် လမ်းပိုင်း နှစ်ခုကိုဆက် ထားတဲ့ ဖြတ်လမ်းဖြစ်တဲ့ နောင်လုံ တောင်ကြား လမ်း ပိုင်း ပါ။ လမ်း ဖောက် တဲ့နေရာ ကိုရောက် တော့ ဘုန်းဘုန်းတွေ နဲ့ မယ်သီလရှင် တွေ ကလုပ်ငန်းစနေ ကြပါပြီ ။ ကတ္တရာ ခင်းတာ လမ်းကြိတ် စက်မောင်းနေ ကြတာတော့ ဘုန်းဘုန်း များ ကိုယ်တိုင် ပါပဲ။ ကျွန် တော် တို့ကျောင်းသား ကျောင်းသူ များကိုတော့ လမ်းခင်းဖို့ အတွက် ကျောက် သယ်ပေးယုံ လောက်ပါပဲ။ ကျွန်တော်တို့အပြင် အနီး ပတ်ဝန်းကျင် ရွာတွေက ရွာသူ၊ ရွာသား တွေ လည်း လာပြီ လုပ်အားပေး ကြ ပါတယ်။ အနီး ဆုံး ရွာ ကဆို ရင် လုပ် အားပေး သူတွေ အတွက် ရေအိုး လေး တွေနဲ့ ရေလိုက် ပြီ ဒါန ပြုကြ တာ ပေါ့ ။
တချို့ ဆိုရင် ခြံထွက် ဖြစ်တဲ့ ပိန္နဲ သီး တို့ဘာတို့ တောင် ပါလာ သေးတယ်။ နေ့ လည် ထမင်း စားချိန် မှာတော့ အသားဟင်း တစ်ခွက် မှ မပါ ပေမယ့် ထမင်း စားလို့ ကောင်းမှကောင်း ။ ဘာ ဟင်းတွေ လဲ ဆိုရင် တော့ သာမည တောင် ကိုရောက် ဖူးသူတိုင်း အသည်းစွဲ ပဲငါးပိ ကို ငါးပိရည် လို ဖျော် ထားတာရယ် တို့စရာကတော့ အစုံပဲ ( သီဟိုဋ္ဌ်ရွက်ညွှန့်၊ သဖန်းသီး ၊ လယ်ကန်စွန်းရွက် ) ဟင်းကတော့ ခရမ်းသီး ကို အသားတု နဲ့ ချက် ထား တဲ့ ခရမ်းသီးနှပ် နဲ့ ပေါ့ ။ဟင်းက နှစ်မျိုး လောက် ပါတယ် ဘာဟင်းလည်းဆိုတာ မမှတ်မိတော့ဘူး။ ထမင်းစား ပြီတော့ အချိုပွဲ လဲလုပ်ထားပေး ပါသေးတယ် ။ ခဏနား ပြီတော့ အလုပ်ဆက်လုပ်ကြပါ တယ်။ တခါတလေ လမ်းခင်းဖို့ ခွဲထားတဲ့ ကျောက်များ ကိုကားနဲ့ သွားသယ် ရင် လိုက်လိုက် သွားရတာ ပျော်ဖို့ ကောင်းမှကောင်း ။ ဦဇင်း တွေ ကိုရင် တွေကိုကြည့်ပြီ ကြီးလာရင် ဘုန်းကြီး ၀တ်ဖို့တောင် စိတ်ကူးမိခဲ့သေးတာ ဟီးဟီး..။ ညနေ ၃နာရီ လောက် မှာတော့ 4x Tiger နှစ်စီးပေါ်မှာ အသားတု နဲ့ကျော်ထားတဲ့ သတ်သတ် လွတ် ခေါက်ဆွဲကြော် တွေ ထည့်ထားတဲ့ ဒန်အိုး ကြီးတွေ အအေး တွေနဲ့ ရောက်လာ ပြီ ကျွေးပြန်ရော..။ ညနေ ၅ နာရီ လောက် ကြတော့ သာမည ဆရာတော်ဘုရား ကြီး ကြွလာပါတော့ တယ်။ ကျွန်တော်ဆို ကရင်ပြည်နယ် ကို ရောက် တာ ၁ နှစ် ကျော်တာ တောင် တစ်ခါမှ မဖူးရသေးပါ ဘူး ဒါ ပထမဆုံး အကြိမ် ဖူးလိုက်ရ တာ ပါပဲ ။ ဆရာတော် ဘုရားကြီး ကို သာမညတောင် မှာသွားရောက် ဖူးရင် တောင် ကံကောင်းမှ ဖူးရတာပါ။ ဆရာတော်ကြီး စီးလာတဲ့ ကားနောက် ကနေ ဦးဇင်း တစ်ပါး က ယိုဒယား သကြားလုံး နဲ့ ပိုက်ဆံ ပါ ကြဲ ပါတယ် ။ ကျွန်တော် ကတော့ မှတ်မှတ် ရရ ၁၀၀ ပဲရလိုက် တယ်သကြားလုံး ကတော့ ၁ ထုပ်နီးပါး ရလိုက် တယ် ။ ဆရာတော် ဘုရားကြီး ပြန်ကြွ သွားပြီ ည ၇ နာရီ လောက် မှာတော့ ကျွန်တော် တို့တွေ ကို ကျောင်းထိ ပြန် လိုက် ပို့ပေး ခဲ့ ပါတယ်။ ဒါ ကျွန် တော် အတွက် အမှတ်တရ တစ်ခုပါ ပဲ။ ကရင်ပြည်နယ် မှာဆို လမ်း၊တံတား၊ကျောင်း တွေ ရဲ့ ကဗျည်း မှတ်တိုင် တွေ မှာ "သာမညတောင် ဆရာ တော်ဘုရား ကြီး ဦးဝိနယ မှ လှူဒါန်းသည်" ၊ " မြိုင်ကြီးငူ ဆရာတော် ဘုရားကြီး ဦးသုဇန မှလှူဒါန်း သည်" လို့ တွေ့ရ တတ် ပါသည် ။ အဲလို အလှူ တွေ ထဲ ကတစ် ခု မှာ လုပ်အား ဒါန ပေးနိုင် ခဲ့ခြင်း ဖြစ်ပါတယ် ။ ကရင် ပြည်နယ် က သူငယ်ချင်း များကို ဒီ ပို့ လေး နဲ့ အတူ တို့တွေ တစ် နေ့နေ့ ပြန်စုံ နိုင်ကြအောင် ဆုတောင်း လိုက် ပါတယ်။ ရွှင်လန်း ချမ်းမြေ့ ကြပါစေ.....

3 comments:

ဇနိ said...

ဒီလိုလေးတွေလည်း လုပ်ဖူးတယ်ကိုး
သာဓု ခေါ်ပါတယ်ဗျာ

နေလွမ်းသူ said...

ကောင်းလိုက်တာ ငါ့ညီရာ တကယ်ပါ။ ညီလေးဆုတောင်း ပြည့်ပါစေလို့ပဲ ။

ဆောင်း said...

စီဘောက်မတွေ့ လို့ ရေးခဲ့ပါတယ်။ နေ့ တိုင်းတင် နိုင်ဖို့  ကြိုးစားပြီး ရေးပေးပါမယ်