Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

နာမည်ဗေဒင်


 

Thursday, July 24, 2008

အနာဂတ်တွင် ကွယ်ပျောက်သွားမည့် အလုပ် ၁၀ မျိုး ထည် က ၅ မျိုး

၁။ စတော့ရှယ်ယာပွဲစားများ၊ကုန်သည်များ၊စာပို့သမားများ၊အာမခံလုပ်ငန်းနှင်အိမ်ခြံမြေအကျိုးဆောင်များ
အင်တာနက်က ဖော်ပြပါပုဂ္ဂိုလ်တွေကို အမြစ်ဖြတ်ခြေမှူန်းသုတ်သင်လိုက်လိမ့်မည်။
၂။ ဆရာများ
အဝေးသင်ပညာရေးက ခေတ်စားလာမှာဆိုတော့ online ပေါ်က စာသင်ခန်းတွေနဲ့ အီလတ်ထရောနစ် အဆင့်သတ်မှတ်ရေးစနစ်တွေ က အံ့သြစရာကောင်းလောက်အောင် အစွမ်းပြ နိုင်ပါလိမ့်မည်။ ဒီနေ့ဖွင့်ထားတဲ့
တက္ကသိုလ် ကောလိပ်တွေ ဟာ အနာဂတ်မှာ အထောက်အကူပြုဌာနတွေ အနေနဲ့ သာ ရပ်တည်ကြရတော့မှာပါ။ဒီတော့ဆရာတွေရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာ ဆိုပေမယ့် လုံးဝ ကွယ်ပျောက်သွားလောက် အောင် မဖြစ်နိုင်ပါဘူး။ အစွမ်း အစအရှိ ဆုံး ပုဂ္ဂိုလ်တွေလောက်သာ ကျန်ခဲ့နိုင် တာဆိုတော့ အနာဂတ်အရည်းအချင်းစစ်ပွဲမှာ ကျကျန်ခဲ့တဲ့ သူတွေများမှာတော့ သေချာတယ်။
၃။ ပရင်တာများ
ပရင်တာဆိုတာ စက္ကူနဲ့ဆေးတွေ ကို ရင်းနှီးပြီး အကြောင်းအရာတွေကို ဖတ်နိုင်အောင် ထုတ်ပေးကြရတာ။ လူတိုင်းမှာ ကွန်ပျူတာ၊ နေရာတိုင်းမှာကွန်ပျူတာဖြစ်လာရင် သတင်းတွေ အချက်အလတ်တွေကို စက္ကူတွေနဲ့ထုတ် ဖတ်စရာလို ပါဦးမလား။ ကွန်ပျူတာပေါ်မှာပဲ အားလုံး အလုပ်ဖြစ် နေမယ့်ခေတ်ဆိုတော့ ပရင်တာ ဘ၀ က လဲသိပ်ပြီး မသေချာတော့ဘူး။
၎။ လက်ရေးတို သမားများ
ခေတ်မီတဲ့ အသံကို မှတ်မိနိုင်အောင် ဆော့ဖ်ဝဲ တွေ ပေါ်ထွက်လာတာကြောင့် သတင်းထောက်တွေ၊ တရားရုံးက လက်ရေးတိုစာရေးတွေ၊ အတွင်းရေးမှူးမလေးတွေ အလုပ်ပြုတ် ကုန်တော့မှာသေချာတယ်။
၅။ စီအီးအိုများ
တစ်နေ့မှာ ၂၄ နာရီဆိုပေမယ့် စီးပွားရေးလုပ် ငန်းတွေမှာ ဆုံးဖြတ်ချက် ချပေးရတာတွေက နှေးကွေးလေးလံ
လာတယ်။ အမြန်ဆုံး ဆုံးဖြတ်ချက်ချပေးနိုင်ပြီ အကောင်းဆုံး ဆုံးဖြတ် ချက် ပေးနိုင်မယ့် ကျွမ်းကျင်သူတွေကို အင်တာနက်မှာ ဆက်သွယ်ပြီး အမြင့်ဆုံး အကြံပေးချက်တွေ ကို လက်ခံရယူနိုင်တယ်။ ဒီတော့ ကုမ္ပဏီ တွေမှာ
စီအီးအို တွေကို လက်ခံရယူနိုင်တယ်။ ဒီတော့ ကုမ္ပဏီတွေမှာ စီအီးအို တွေကို လစာတွေအများကြီးပေး ပြီးခန့် ထားစရာ မလိုတော့ ဘူး။

ဒီနေ့တော့စာရေးရ မှာပြင်းလို့ ၅ ထိပဲတင် လိုက်တော မယ်နော် ..ဆက်ရန်ပေါ့

1 comment:

မင်းကျန်စစ်။ said...

တကယ်ဖြစ်လာရင်တော့ ဂွတ်ထ ပဲဝေ့။ ဟတ်ဟတ်