၆။ သွားနှင့်မေးရိုးဆိုင်ရာဆရာဝန်များ
ပါးစပ်ထဲ ကိုသတ္တုတွေ အစားထိုးစရာ မလိုတော့ဘူး။ 3D နဲ့ ကျိုးသွားတဲ့ မေးရိုးနဲ့ သွားတွေနေရာကို စစ်ဆေးပြီး တစ်ခါသုံး "အလိုင်းနား" လို့ခေါ်တဲ့ ပလတ်စတစ် တစ်မျိုးနဲ့ အစားထိုးပေးနိုင် တော့ မှာဖြစ်တယ်။
၇။ အကျဉ်းထောင်စောင့်များ
တရားရုံးက ပြစ်မှုထင်ရှားကြောင်း စီရင်ချက် ချပြီတာ နဲ့ လွန်စွာသေးငယ်ပြီး မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အာရုံခံစနစ်ကို အကျဉ်းသားရဲ့ ကိုယ်ထဲကို ဆေးထိုးအပ်နဲ့ ဖြစ်ဖြစ် ထိုးထဲ့ပေးလိုက် မှာဖြစ်တယ်။ အဲဒီ အာရုံခံစနစ်ကြောင့် ဘယ်မှာ မှပုန်းရှောင်လို့ မရတော့ဘူး။
၈။ ထရပ်ကားမောင်းသူများ
ပြည်နယ် အချင်းချင်း ကွန်ပျူတာနဲ့ ထိန်းချုပ် ထားတဲ့ ထ၇ပ်ကားတွေကို မောင်းသူ မဲ့စနစ် နဲ့အမြန်နှုံး မြှင့်စေလွှတ်ပြီး ဆတ်သွယ် နိုင်တော့မှာ ဖြစ်လို့ ကားမောင်းတဲ့သူတွေမလို တော့ဘူး။
၉။ အိမ်ဖော်များ
နို့ကုန်နေရင် ရေခဲသေတ္တာက online ကနေ သူဘာသာလှမ်းမှာလိမ့်မယ်။ ဖုံစုပ်စက် ကလဲ အသံတိပ် သူ့အလိုလို အလုပ်လုပ်အောင် ခိုင်းထားနိုင်တယ်။ ဒါမှမဟုတ် ဖုံတွေ အမှိုက်တွေကိုစားတတ် တဲ့စက်ရုပ် တစ်ရုပ်ဝယ်ထားလိုက် တာနဲ့ လုံလောက်တယ်။
၁၀။ အဖေများ
ပုံတူမျိုးပွားစနစ်တွေနဲ့ အဖိုမျိုးဗီဇတွေကို အစားထိုးနိုင် တဲ့စနစ်တွေကြောင့် ယောကျာင်္းတွေ ဒိုင်နိုဆောတွေလို မျိုးတုန်း ကုန်တော့မှာပဲး( ။ မိန်းမတွေ ကသက်သာ အုန်းမှာ။ ကိုယ်တိုင်မမွေးခြင်ရင် သားအိမ် အငှားနဲ့ မွေးနိုင်အုန်းမှာတဲ့ ။
မှတ်ချက်။ ။ ကွန်ပျူတာ ဂျာနယ် မှ ကူးယူဖော်ပြ သည်။

5 comments:
နောက်ဆုံးအချက်ကို သိပ်ဘ၀င်မကျဘူးဗျာ..။ :P
ဟုတ်တယ်ဗျ.......
နောက်ဆုံးအချက်ကို သဘောမကျဘူး
အချက် ၁၁ ချက်ဖြစ်အောင် ကြိုးစားဖို့ လိုတာလားမသိ
:p :P :D
လောကကြီး
နာကျင်မှုတွေ
စွန့်လွှတ်ရမည့် အရာများ
ရွှင်လန်းချမ်းမြေ့ပါစေ...
ကြေကွဲဖွယ်ရာ ပထမမြန်မာနိုင်ငံတော် ( ၁ )
:( ၊နံပါတ် (၁၀)ကြီးမထည့်ရဘူးလေ။ :D
Post a Comment