Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

နာမည်ဗေဒင်


 

Monday, September 8, 2008

ဟာသလေးတွေ

ကိုလှ။ ။ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ
ဘာဖြစ်နေတာလဲဗျ။
ကိုမြ။ ။သွားကိုက်လို့ပါဗျာ။ သွားဆရာဝန်ကောင်းကောင်းတစ်ယောက်လောက်ခင်ဗျားသိလား။
နှုတ်ပစ်မလို့ အဲဒီသွားကို။
ကိုလှ။ ။ဟာ.နှုတ်ပစ်စရာမလိုပါဘူးဗျာ။ ကျနော့လိုလုပ်ပါလား။
ဟိုနေ့ကကျနော်လဲသွားကိုက်တာ၊ အဲဒါကျနော့မိန်းမကိုခေါ်ပြီး
နှုတ်ခမ်းချင်းစုပ်ပြီးနမ်းလိုက်တာ ကောင်းသွားရောဗျ။
ခင်ဗျားလည်းစမ်းကြည့်ပါလား။
ကိုမြ။ ။ဟာ...အဲဒါဆိုမဆိုးဘူးဗျ။ ကျနော်စမ်းကြည့်မယ်ဗျာ။
ဘယ်မှာလဲ ခင်ဗျားမိန်းမ။

ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကက်ပတိန် ၂ ယောက်သာရှိသည်။
၂ ယောက်တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့်တာဝန်ယူရသည်။
ကက်ပတိန်အလှည့်တွင် သင်္ဘောသားအရက်မူးနေသောကြောင့်
"ယနေ့ သင်္ဘောသားအရက်မူးသည်" ဟုရေးလိုက်သည်။
သင်္ဘောသားအမူးပြေသောအခါ ကျနော်အရက်တစ်ခါပဲသောက်မိသောကြောင့် အရက်သမားအဖြစ်မခံနိုင်ပါ။
ထိုမှတ်ချက်ကိုပြန်ဖျက်ပေးပါ ဟုပြောသောအခါ ကက်ပတိန်က အမှန်ကိုအမှန်အတိုင်းရေးတာကွ ဟုဆိုကာ မဖျက်ပေးဘဲနေသည်။
သင်္ဘောသားစိတ်ဆိုးပြီး မှတ်ထားသည်။
နောက်နေ့ သင်္ဘောသားအလှည့်ကျသောအခါ အမှန်အတိုင်းဤသို့ရေးလိုက်သည်။
"ယနေ့ကက်ပတိန် အရက်မမူးပါ။"

လူတွေ့စာမေးပွဲတစ်ခုတွင်….
ကျောင်းသား။ ။ ကျွန်တော်တချိန်လုံး အိပ်မက်ထဲမှာ ပရော်ဖက်ဆာ ဖြစ်ပြီလို့ဘဲ မက်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာ အရမ်းဖြစ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦးခင်ဗျာ။
ပရော်ဖက်ဆာ။ ။ အအိပ်လျှော့ ငါ့တပည့်။

သေနည်းကောင်း

ဤသို့ ပြောနေသံကို တစ်နေရာတွင် ကြားခဲ့ရသည် ။

"ငါသေတဲ့အခါမှာ ငါ့အဘိုးလိုပဲ အိပ်ပျော်နေတုန်း ငြိမ်းငြိမ်းချမ်းချမ်း

သေသွားချင်တယ်ကွာ၊ သူ့ကားထဲက ခရီးသည်တွေလိုတော့ စူးစူး

ဝါးဝါး ငယ်သံပါအောင် အော်ဟစ်ပြီး မသေချင်ဘူး"

မောင်ချစ် ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?
ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော .. ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?
မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့

မင်္ဂလာဆောင်တခု၌ဖြစ်သည်

မိန်းမဘက်မှပါသောကလေးများသည်အဖွားဖြစ်သူနှင့်နေနေသည်

ကလေးများကဆိုးသဖြင့်အဖွားဖြစ်သူသည်စိတ်မရှည်တော့ပဲ

" ဟဲ့ ကလေးတွေငြိမ်ငြိမ်နေကြ၊ဒီလိုဆိုးနေရင်နောက်တခါနင်အမေမင်္ဂလာဆောင်ရင်မလိုက်ရတော့ဘူး "


အဖေ့အပေါ် မူတည်တယ်

" မေမေ အပြင်သွားရင် သား အိမ်မှာ ဘာလုပ် ကျန်ရစ် မလဲကွဲ့ "

" အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ် ၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေါ့။ ဒါပေမယ့် အဲဒီ နှစ်ခုအနက် ဖေဖေ

ဘာကို ရွေးမယ်ဆိုတာ မူတည်ပါတယ် "



မဖြစ်ဘူး

" ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း "

" လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ "

ဟာ....ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။

ရွေးချယ်မှု

ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။

" ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ "

" ရွှေကို ယူမှာပေါ့ "

" ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား "

" သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ "


တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင် အိမ်မွေး တိရစ္ဆာန်ဆိုင်ကို
ဖြတ်ကျော်ရပေသည်။

ထိုဆိုင်သို့  ဖြတ်ကျော်နေစဉ်အတွင်း

ကြက်တူရေး တစ်ကောင်သည် ထိုမိန်းမကြီးအား

((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ))))

မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။

နောက်နေ့ တစ်ခါထပ်မံဖြတ်ကျော်ရပြန်သည် ထုံးစံအတိုင်းပင်

ကြက်တူရေးသည် ((((ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီး ဗျာ...))))

ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။

ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင် အား အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရေး ကိုလည်းသတ်ပစ်မည်

ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး ဆိုင်မှထွက်ခွာသွားလေသည်။

နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်

ကြက်တူရေးက ။ ။ ဟိုအမကြီး
အမျိုးသမီး။ ။ ဘာတုန်း
ကြက်တူရေး။ ။ဟဲ.....ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ......
ခုတလော့ ဘာတင်ပေး ရမှန်းမသိ တာ နဲ့ forward mail ကရတဲ့ ဟာ သလေးတွေတင် ပေးလိုက်
ပါတယ်။ ပင်ပန်း ခံရေးထားတဲ့ သူ ကို ကျေးဇူး အထူး ပါ..

No comments: