ကျွန်တော် ငယ်ငယ် ကဆို အမေရိကန်-ဗီယက်နမ် စစ် ကားတွေဆို အရမ်းကြိုက် တာပေါ့ ။ဇာတ်ကား တွေက Hollywood က ရိုက်တာတွေ ဆိုတော့ သူတို့နိုင်တာ ခပ်များများ ပေါ့ ။ငယ်ငယ် ကတော့ အမှတ်တမဲ့ ပဲ ကြည့်လို့ ကောင်းတာတခု ပဲသိတယ်။ တကယ်တမ်း ကြတော့ဒီလို မဟုတ် ဘူး အမေရိကန် တွေ အထိနာ ခဲ့ တယ် ။ ဒီလိုအထိနာခဲ့တဲ့ အကြောင်းတွေ ထဲမှာ ဗီယက်နမ်တွေ ရဲ့ ဥမင် စစ်ဆင်ရေးရဲ့ ထိရောက် မှုတွေကြောင့် လည်းပါခဲ့ ပါတယ် ။ဗီယက်နမ် တွေက ဥမင် စစ်ဆင်ရးကို ပြင်သစ်တွေ ကျူးကျော် စဉ် ကတည်း က အသုံး ပြု ခဲ့တာပါ ။ အခုတော့ ဥမင် စစ်ဆင်ရေး တွေ ထဲ ကထင်ရှား တဲ့ ကူချီ (Cu Chi) ကို ပြတိုက် လို လုပ်ပြထားပါတယ်။၎င်း ဟာ စိုင်ကုန်(Saigon) ရဲ့ မြောက်ဘက် ၇၀ ကီလိုမီတာ အကွာမှာ ရှိတဲ့ တောရွာလေး ပါ။ အခုဓာတ် ပုံတွေက ရုရှား ဆိုဒ် တခုကရတာပါ။ အခုဓာတ်ပုံ တွေကမှာ သူတို့ စစ်တွင်း သုံးခဲ့တဲ့ ထောင်ချောက်တွေ၊ ဥမင်တူး တဲ့ပုံစံ တွေ ကိုတွေ့ရမှာပါ။ ၂၀၀၈ မှာလည်း tunnel rats ဆိုပြီး ဇာတ်ကားကြည့်လိုက် ရတာ ဒီ ဥမင် တွေလိုပါပဲ ဇာတ်လမ်းလေး လည်းကောင်းပါတယ် ။













No comments:
Post a Comment