သူသိစေချင်လိုက်တာကျွန်တော်ရင်ထဲကဖြစ်နေတာတွေကို...သူကိုမဆုံးရှုံးချင်ဘူး။သူကိုတစ်ခြားတစ်ယောက်နဲ့ တွဲမြင်ရရင် တော်တော်ရင်နာရမှာ။ ကျွန်တော်ဘ၀ ရဲ့ အမှတ်တရ အချိန်တွေ ပြင်ဦးလွင်မှာ ရခဲ့ဖူးပါ ပြီ။ရင်ခုံသံလေးတဒိတ်ဒိတ်နဲ့သူအနားနေခဲ့ဖူးပါပြီ။သူကိုမေးမိတယ်.. “ကျွန်တော်ကဗျာတွေဖတ်ဖြစ်လားလို့” သူကမအားလို့ကွန်ပျူတာမကိုင်ဖြစ်တာကြာပြီတဲ့။တကယ်တော့ ဒါဟာ အကောင်းဆုံးပါပဲ နှစ်ယောက် လုံးအတွက်။ သူစာတွေဖတ်မိရင် ကျွန်တော်ကို နားလည်ပေးနေရဦးမှာပါ။ ကျွန်တော် ကတကယ်ချစ်ခဲ့တာပါ။ မနက်မိုးလင်းတိုင်း ကျွန်တော်အနား မှာသူရှိနေတဲ့အသိ၊ ညအိပ်ချိန်တိုင်း မလှမ်းမကမ်းမှာ သူရှိနေတယ် ဆိုတဲ့အတွေး၊ သူနဲ့ကျွန်တော်တကယ်တော့ မဝေးခဲ့သလိုပါပဲ။
နှစ်ယောက်အတူရှိခွင့်ရတဲ့ ခဏလေးမှာ သူသိမှာလည်းစိုး၊ သူများတွေရိပ်မိ မှာလည်းစိုးပေမယ့် အမြဲတမ်းဂရုစိုက် ခဲ့တယ်။ ဒီဘ၀ မှာ ဒီအချိန်မျိုး နောက်တစ်ကြိမ် ပြန်မရဘူး ဆို တဲ့အသိနဲ့ အရာရာတိုင်းကို
ရင်ထဲထည့်သိမ်းခဲ့ပါတယ်။ ဒီဘ၀မှာ မဆိုင်ခဲ့ကြပေမယ့် နောက်ဘ၀မှာဆုံချင်လွန်းလို့ ကျောက်တောင် ဘုရားကိုတိုင်တည်ခဲ့ဖူးပါတယ်။ သူစိတ်အနှောက် အယှက် ဖြစ်သွားမလားလို့ ပြောချင်တဲ့ စကားပေါင်းများစွာ မြိုသိပ်တိတ်တိတ်လေး နေခဲ့ဘူးပါတယ်။ သူဘ၀တစ်လျှောက် ပျော်ရွှင်ချမ်းမြေ့ပါစေ ဆုတောင်းရင်း သူ့မျက်နှာလေးကို ငေးကြည့်နေခဲ့ဘူးပါတယ်။ ဓာတ်ပုံပေါင်းရာချီရိုက်ခဲ့ပေမယ့်..သူပုံတစ်ပုံမှ မယူဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။ MP3 မှာပြောချင်တဲ့စကားတွေသွင်းပြီး ပေးခဲ့ပါတယ်။ MP3 ကိစ္စပြီးကတည်းက သူစိတ်ညစ်နေပါဦးမယ် ဆိုတဲ့စိတ်နဲ့ မမြင်ခြင်ယောင်ဆောင်၊ မတွေ့အောင်ရှောင်ခဲ့ဘူးပါတယ်။ ဒီလိုနဲ့ပဲသူကို စိတ်အနှောက်အယှက်တွေ ပေးရင်း၊ ကိုယ့်ကိုကိုယ်စိတ်သောကတွေပေးရင်းကျွန်တော် ကျိတ်ချစ်နေတုန်းပါပဲ။ သိပ်ချစ်မိတော့လည်း...အရာအားလုံး သူနဲ့မှမကင်းနိုင်ခဲ့ပဲ။ တိတ်တခိုးလေးနဲ့ ကြိတ်ပိုးဆွေးခဲ့သမျှ မထိမ်းချုပ်နိုင်တဲ့ခဏ ပွင့်ထွက်သွားမှာစိုးရိမ်လို့ပါပဲ။ နှုတ်ဆတ်ခဲ့ပါတယ်ချစ်သူရယ်....။

စည်သူ
ခံစားချက်လေးကိုနှစ်သက်မိပါတယ်....
1 comment:
အဲ့ဒီမှာမှားသွားတာပဲ...း((
ကျောက်တောင်ဘုရားမှာ ချစ်သူနဲ့ပတ်သက်ပြီး ဘာဆုမှမတောင်းရဘူးတဲ့.. တောင်းတာနဲ့ ကွဲတာပဲတဲ့.. မကြားဖူးဘူးလားကွယ်.. ဆိုးပါ့..
ဘာပဲဖြစ်ဖြစ် အလွမ်းဆိုတာ.. ချိုမြိန်လွန်းပါတယ်.. ချိုမြိန်လွန်းလို့ ခါးသက်သွားရတာ.. ပြန်ဆုံနိုင်ပါစေလို့ပဲ ဆုတောင်းလိုက်တယ်နော်.. =)))))
Post a Comment