Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

နာမည်ဗေဒင်


 

Monday, March 24, 2008

သူငယ်ချင်းတစ်ယောက်ရဲ့ရင်တွင်းဖြစ်များ

လွတ်မြောက်ခွင့်
ကြယ်တွေစုံတဲ့ညကို
မက်မက်မောမောကြည့်တတ်တဲ့ငါ
ကြယ်ကြွေတာမြင်ရင်
ငယ်ငယ်က ဆံပင်သေးသေးကိုကိုင်ပြီး
“သမီး ဆံပင်မြန်မြန်ရှည်ပါစေ”တဲ့
ကြီးပြင်းလာတော့“သန်းကြွယ်သူဌေးဖြစ်ပါစေ”လို့ဆုတောင်းတတ်ခဲ့ပြီ

ဖြူစင်မှုတွေ တရစ်ပြီးတရစ်ကွာကျ
လောဘတွေ အလိပ်လိုက်နဲ့
ဒေါသမိုးခါးတွေ တဖြည်းဖြည်းသောက်သုံးခဲ့
မောဟဆိုတဲ့ တပ်မက်မှုပေါင်းစုံရောစပ်ပြီး
သံသရာခရီးကို
(ငါ)ထပ်လျှောက်ရဦးမယ်

ကံ..ကံ၏အကျိုးတိုင်း
အဟောင်းတွေ လက်ခံနိုင်ဖို့ကြိုးစားရင်း
(ငါ)လူပီသအောင် ပြုလုပ်ခြင်းအစစ်တွေ
ဖန်တီးနိုင်ပါ့မလား..

ဒီနေ့သစ်
၂၀၀၇.၁၂.၃၁
၁၁း၅၉ မိနစ် ၅၉ စက္ကန့်..

၂၀၀၈ရောက်ဖို့ အားယူနေတဲ့
စက္ကန့်တံလေး
လမ်းမဆီက “Happy New Year”လို့
အော်ဟစ်လိုက်တဲ့ လူငယ်တစ်စုရဲ့အသံ
ဒါတွေက ၂၀၀၈ ရဲ့သင်္ကေတပဲလား

နှစ်သစ်တစ်ခုကူးပြောင်းရုံနဲ့
လူတွေရဲ့ စိတ်တွေသစ်နိုင်ပါ့မလား

ကန်သတ်ထားတဲ့ဘောင်တွေထဲက
လွတ်မြောက် နိုင်ပါ့မလား

ကိုယ်လုပ်နေတဲ့လုပ်ရပ်တွေဟာ
အမှားဖြစ်ရက်နဲ့ အမှားလို့မသိတဲ့လူအတွက်
ဘယ်လိုပြင်ဆင်မလဲ

တကယ်တော့
အမှားကိုသိပြီး အမှန်ကိုမြင်နိုင်တဲ့
လူတိုင်းအတွက် မနက်ဖြန်တိုင်းဟာ
နှစ်သစ် လသစ် နေ့သစ်တွေပါပဲ..
ရွက်လှေ
မွန်းကြပ်လွန်းလို့
(ငါ)ကိုယ်တိုင် အငွေ့ပျံခွင့်မရမှတော့
ခါးသီးတဲ့ကော်ဖီတစ်ခွက်ကို
တရှိုက်မက်မက် ဆက်သောက်ရဦးမယ်

မဟူရာကောင်းကင်
စိုးမိုးတဲ့ညမှာ
တိတ်ဆိတ်ခြင်းတွေဝုန်းဒိုင်းကြဲလို့
အရာရာ ဟာသုညပါပဲ

မတည်မြဲခြင်းတွေအလယ်မှာ
တပ်မက်မှုတွေ ခင်းကျင်းထားမှတော့
မုန်တိုင်းနဲ့ ရင်ဆိုင်တဲ့အခါ
ရွက်လွှင့်နိုင်ဦးမလား..

?
ဖြစ်ခြင်တာတွေ
ဖြစ်သင့်တာတွေ
ဖြစ်နေတာတွေ
.............တွေ
တခုမှစည်းချက်မမှန်ခဲ့တော့
ညီမျှခြင်းရဲ့ဟိုဘက်မှာ
သုညတွေ တန်းစီရင်း
ခဏခဏ ရန်ဖြစ်ကြသေးတယ်..

ပါးပါးလေးခပ်မိတဲ့ မာန
မှုန်ဝါးနေတဲ့ ပန်းတိုင်
တိတ်ဆိတ်နေသော တွေဝေခြင်းများ
ရှောင်ပြေးခြင်တဲ့ စိတ်ကူးတွေ
ဦးဆောင်နေမှတော့
သက်ပြင်းမုန်တိုင်းကြား
အလူးအလဲ ကျဆုံးရင်း
တရားသဘောတွေနဲ့ အသက်ဆက်ခဲ့ရတယ်..

lime
အကြည့်တစ်ချက်
အပြုံးတစ်ပွင့်
နွေးထွေးတဲ့လက်တစ်စုံ
တစ်ခုမှမရခဲ့ဘဲ
အရူးအမူးစွဲလမ်းခြင်းဆိုတဲ့
စကားလုံးနောက် မနားတမ်းလိုက်ရင်း
ချစ်ခြင်းတွေကို လျော်ကြေးပေးပြီး
ချရောင်း ခဲ့တာပါ..

သူဟာ“ပျောက်ဆုံးနေတဲ့ နံရိုးတစ်ချောင်းပါ” လို့
တတွတ်တွတ်ပြောနေတဲ့ကောင်မလေးကို
“ညီမလေးလိုပဲချစ်တယ်”ဆိုတဲ့
ခေါင်းစဉ်လှလှလေးနဲ့ နိဂုံးချုပ်ပစ်တာ
“နှလုံးသားနှင့်အနီးတ၀ိုက်တွင် မိုးထစ်ချုန်းစွာရွာသွန်းနေသည်”ဆိုတဲ့
သတင်းတစ်ပုဒ်တော့နားထောင်လိုက်ရတယ်..

အချစ်တစ်ခုကိုအသက်သွင်းမယ်ကြံမှ
ကိုယ်တိုင် အသက်ရှူမ၀ဘဲ နာကျင်နေဆဲမှာ
“နှလုံးလမ်းကြောင်းမှာကျွန်းတွေအများကြီး”ဆိုတဲ့ စကားသံကို
သဲ့သဲ့လေးကြားလိုက်ရသေးတယ်..
Love is joke for me.............

ps:ရေးသားသူ သူငယ်ချင်း နဒီဝေ(m.k.n) ဖြစ်ပါတယ်..

No comments: