တစ်နေ့ ရေငုပ်သမား တစ်ဦးဟာ ပင်လယ်ရေအောက် ပေ ၂၀ ကို စိတ်ကြိုက်ရေငုပ်နေချိန်မှာပဲ ..
မမျှော်လင့်ဘဲ နောက်လူတစ်ယောက်လည်း သူ့လိုပဲ ရေငုပ်နေတာကိုတွေ့လိုက်ပါတယ်.ထူးဆန်းတာကထိုလူက သူ့လို ရေငုပ်ဝတ်စုံတွေ ။ အောက်စီဂျင် ဗူးလဲ မပါပါဘူး ။ ဒါနဲ့ ရေငုပ်နေသူလည်း ဆက်ပြီး နောက်ထပ် ၁၀ ပေ ရေဆက်ငုပ်လိုက်တယ်။ထူးဆန်းတာကထိုလူကိုထပ်တွေ့လိုက်တာပါပဲ။ ရေငုပ်သူ လဲဆက်ပြီး၁၅ပေဆက်ငုပ်
လိုက်ပါတယ်. မိနစ် အနည်းငယ် အတွင်းမှာပဲ ထိုလူကို ထပ်တွေ့ ပြန်ပါတယ်။ ရေငုပ်သူလဲထူးဆန်းတာမို့ရေဆိုခံ ခဲတံ နဲ့ စာရွက် ထုတ်လိုက်ပြီး ရေးပြလိုက်ပါတယ်။
ရေငုပ်သူ ရေးလိုက်ပုံက ။ "ခင်ဗျား ၊ တော်တော် တော် တယ်ဗျာ .. ဒီလောက် အနက်ကြီးကိုရေကူးဝတ်စုံလဲမပါပဲ ရေငုပ်နိုင်ပါပေတယ်"
ဒါနဲ့ ထိုလူက ခဲတံ ပြန်ယူပြီးရေးလိုက်ပုံက ။ "ခင်ဗျား သေသာသေလိုက်တော့ဗျာ .. ကျုပ်က ရေ နစ် နေတာဗျ"

No comments:
Post a Comment