အကျဉ်းသား တဦးဟာ ထောင်ထဲမှာ ၁၅ နှစ်လောက် နေခဲ့ပြီး ထောင်ထဲက ခိုး လွတ်မြောက်လာပါတယ်။ သူဟာ မြို့ထဲ ရောက်ရောက်ခြင်း အိမ်တစ်အိမ်ကိုဖောက်ဝင်လိုက်ပါတယ်။သူ့ဖောက်ဝင်လိုက်တဲ့အိမ်ဟာကံဆိုးခြင်တော့ အခန်းတခန်းထဲရောက်တော့ လင်မယားနှစ်ယောက်နဲ့ တန်းတိုးပါတယ်။
ဒါနဲ့လူဆိုးက ကုတင်ပေါ်က ယောင်္ကျားကို ထိုင်းခုံမှာ ထိုင်ခိုင်းပြီးသူ့လက်တွေကိုကြိုးနဲ့နောက်ပြန်ချီလိုက်ပါတယ်။ သူ့ဇနီးကိုတော့ ကုတင်ပေါ်မှာ ပဲ နေစေပြီး၊ အပေါ်က တက်ခွလို့ နမ်းပါတော့တယ်။ ရုတ်တရက်ပဲ ထို လူဆိုးဟာ ရေချိုးခန်းထဲဝင်သွားပါတယ်။လူဆိုးရေချိုးခန်းထဲရောက်နေချိန်မှာပဲယောင်္ကျားကသူ့ဇနီးကိုတိုးတိုးလှမ်းပြော
လိုက်ပါတယ်။"နားထောင်။ ဒီကောင့်ကြည့်ရတာ ထောင်ပြေး၊ သူ့ အ၀တ်အစားတွေ ကိုကြည့်စမ်း။ ဒီပုံစံဆို ထောင်ထဲမှာ နှစ်ပေါင်းတော်တော်ကြာကြာနေခဲ့တဲ့ပုံ၊ မိန်းမတောင် မမြင်ဘူးတဲ့ ပုံပဲ။ သူ မင်းကို နမ်းလိုက်တာ ငါမြင်လိုက်တယ်။ သူ မင်းနဲ့ ဟိုဝါလုပ်ခြင်တယ်ဆိုလဲ မင်းမငြင်းပါနဲ့ ပေးလုပ်လိုက်ပါကွာ၊ ငါ အပြစ်မမြင်ပါဘူး။ သူဆန္ဒကို ဖြည့်စည်းပေးလိုက်ပါကွာ။ ဒီကောင့်ပုံစံ တော်တော်ဆိုးသွမ်းမဲ့ ပုံပဲ။ ငါတို့ ဆန္ဒမလိုက်လျှော ပေးရင် ငါတို့ကို သက်နိုင်တယ်။ သတ္တိရှိပါ ချစ်ရာ။ မင်းကို ငါချစ်ပါတယ်။ဒါနဲ့ ဇနီးဖြစ်သူက ပြန်ပြောလိုက်ပါတယ် " သူ့ ကျွန်မကို နမ်းသွားတာမဟုတ်ဘူး ၊ သူ ကျွန်မ ပါးနားကပ်ပြီး ကျွန်မကို တိုးတိုးလေးပြောသွားတာ၊ သူက ရှင် တော်တော် ချစ်ဘို့ကောင်းတယ်ဆိုတဲ့ အကြောင်း၊ သူ့က ယောင်္ကျားလေးပဲ စိတ်ဝင်စားလို့ ၊ ကျွန်မတို့ဆီမှာ "ရေဆီ" ရှိသလားလို့ မေးပါတယ်။ ကျွန်မလဲ ရေချိုးခန်းထဲမှာ ရှိတဲ့ အကြောင်း ပြောလိုက်တာပါ။"သတ္တိရှိပါ ချစ်ရာ။ ရှင့်ကိုလဲ ရှင့်လိုပဲ ကျွန်မ ချစ်ပါတယ်"။

RSS Feed (xml)

No comments:
Post a Comment